မြန်မာ့ကိုယ်ခံပညာနိသျည်းများ (မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်)

မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ် ၏ မြန်မာ့ကိုယ်ခံပညာနိသျည်းများ စာအုပ် ဖြစ်သည်။


မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ် မြန်မာ့ကိုယ်ခံပညာနိသျည်းများ

မြန်မာ့သိုင်းပညာကို စတင်လေ့လာလိုသူတိုင်းအတွက် အမှန်အကန် အသုံးဝင်မည့် စာအုပ်ဖြစ်သည်။ အပိုအလိုမရှိ ကွက်တိဖြစ်သည်။ မြန်မာ့သိုင်းပညာ၏ အခြေခံ[၆၃]မောင်းအားကျင့်စဉ်ကို ပုံများနှင့်တကွ ဝေေ၀ဆာဆာ ဖော်ပြပေးထားသည်။ လက်ရေးကျင့်စဉ်(၁၀၈)နည်းလည်း အပြည့်အစုံ ပါဝင်သည်။

ထို့ပြင် လက်နက်မဲ့ကာကွယ်နည်းစနစ်များဖြစ်သည့် လက်သီးထိုး ရှောင်နည်း၊ ဓားရှည် ရှောင်နည်းများသာမက လက်သီးထိုး ကာကွယ်နည်း၊ လက်နက်မဲ့ ဓားမြှောင်ရန် ကာကွယ်နည်းများလည်း ဖော်ပြထားသည်။ ဓားသိုင်းကွက်၊ တုတ်သိုင်းကွက် နည်းစနစ်များအထိ အပြည့်အစုံပါဝင်နေသည်။ သိုင်းပညာနှင့် ပတ်သတ်သည့် အသုံးအနှုန်းများ၊ ဖောင် (From) ပုံစံများနှင့် စိမ်းနေသူများအတွက် လေ့လာရာတွင် အနည်းငယ် ခက်ခဲနိုင်မည်ဖြစ်သော်လည်း ပုံများကို သေချာကြည်ပြီး လေ့လာရန်တိုက်တွန်းပါသည်။ Print ထုတ်၍ ဖတ်ရှုလိုသူများအတွက် အဆင်ပြေစေရန် quality ကောင်းအောင် ပြုလုပ်ပေးထားသည်။

Downloadစာအုပ်ကို Download ရယူလိုတယ်ဆိုရင်တော့ ဒီနေရာ ကိုသာ နှိပ်လိုက်ပါဗျာ…

17 thoughts on “မြန်မာ့ကိုယ်ခံပညာနိသျည်းများ (မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်)

  1. ရသွားပီဗျ တင်ထားပေးတာတွေ လက်ဝှေ့က သမိုင်းကြောင်းပဲပါတယ်ဗျ သတ်လုံးသတ်ပေါက်တွေစနစ်တွေမပါဘူး

  2. မရဘူးဗျို့။ Download Link ကို နှိပ်လိုက်တာ “တိုင်းရင်းမေ ဗန်တို” Page ကို ရောက်သွားတယ်။ စာအုပ်ကျမလာဘူးဗျ။

  3. ကျေးဇူးပဲဗျာ။
    ဒီစာအုပ်ကို ၃၁ လမ်း လား ဘာလမ်းလဲမေ့နေပြီ အပေါ်ဘလောက် လမ်းကြားထဲက စာအုပ် အဟောင်းဆိုင်တစ်ဆိုင်မှာ တွေ့ခဲ့သေးတယ်။ ၀ယ်မလို့ဟာ ၇၀၀၀/ိ ဈေးခေါ်တယ်။ နောက်မှပဲ ၀ယ်တော့မယ် ဆိုပြီး အဲ့ဒီဘက်ကို မရောက်ဖြစ်တော့ဘူးဗျ။ ဓားနဲ့ ပတ်သက်တဲ့ အခြေခံ စာအုပ် တစ်အုပ်လဲ တွေ့ခဲ့သေးတယ်။ အခုတော့ ၀ယ်စရာ မလိုတော့ဘူးပေါ့။ အဆင်ပြေသွားပြီ။ ကို အောင်သူထက် ရေ … ကျေးဇူးပါဗျာ။

    • ၇၀၀၀ တောင်…. မဖြစ်နိုင်တာ။ copy ပဲမလား။ အလွန်ဆုံးရှိလှ ၁၅၀၀၊ ၂၀၀၀ လောက်ပေါ့။ ကျွန်တော်လဲ မကြာခဏတွေ့ပါတယ်။ တစ်ခြား original စာအုပ်တွေတောင် အဲ့လောက် ဈေးမခေါ်ပါဘူး။

      • ကျနော့်ပုံက အူကြောင်ကြားမို့နဲ့ တူပါတယ်ဗျာ။ အချဉ်ဖမ်းတာ ဖြစ်မပေါ့..။
        ;P

        • Copy တော့ ဟုတ်ဘူးနဲ့တူတယ် …။ ၀ါကြန့်ကြန့် နဲ့ စာရွက်တွေက ။

      • ဝါကြန့်​ကြန့်​ ဖြစ်​မှာ​ပေါ့ သူတို့ကမီးပူ တိုက်​ထားတာစာရွက်​​တွေကို မသိရင်​​တော့သိုင်းကျမ်း​ပေါ့ ဟဟ လုပ်​ကွက်​က

        • အဲ့ဒီလိုတော့ တရားသေ ပြောလို့မရဘူးဗျ။ ဈေးကစားတာကလွဲလို့ စာအုပ်အဟောင်းဆိုင်တွေက စာအုပ်အသစ်ရောင်းတဲ့ဆိုင်တွေထက် စိတ်ဝင်စားစရာလဲကောင်းတယ်။ အဖိုးလဲတန်တယ်။ စာသမားအစစ်တွေဆိုရင် စာအုပ်အသစ်ဆိုင်ထက် အဟောင်းဆိုင်တွေကိုသာ လည်ကြတာတွေ့ရပါတယ်။ လမ်းဘေးတက္ကသိုလ်လို့တောင် ခေါ်ကြတာဗျ။ နောက်ပြီး စာအုပ်အဟောင်းရောင်းတယ်ဆိုတာ တော်ရုံလူလည်း ရောင်းလို့မရသေးဘူးဗျ။ တစ်ကယ်စာပေကို ၀ါသနာပါပြီး စာအကြောင်း ပေအကြောင်း နားလည်မှ လုပ်နိုင်တဲ့အလုပ်မျိုးဖြစ်ပါတယ်။ တစ်ခုပဲအပြစ်ပြောစရာရှိတယ်။ သူတို့ဝယ်လာတော့ ငါးကျပ်တစ်ပဲနဲ့ ကုလားဆိုင်တွေက ပိဿာလိုက်ဈေးနဲ့ ၀ယ်လာပြီး ပြန်ရောင်းရင်ကျ သုံးလေးထောင်ကနေ သောင်းဂဏန်း၊ သိန်းဂဏန်းအထိ တင်တတ်ကြတယ်။ ဘာပဲဖြစ်ဖြစ် ကိုင်တိုင် ကုလားဆိုင်တွေမှာ စာရွက်ပုံကို သွားမွှေဖို့ကျတော့လည်း မဖြစ်နိုင်ဘူးလေဗျာ။ အဲ့တော့လည်း သူတို့ရောင်းတဲ့ဈေးနဲ့ပဲ ၀ယ်ရတာပေါ့ဗျာ။ စာအုပ်သည်တွေကို အထင်မသေးနဲ့ဗျို့။ “အနေစုတ်ပေမယ့် ရွှေထုတ်တဲ့ မြပုဝါ” ဆိုတဲ့ စကားပုံအတိုင်းပဲ အံ့သြစရာကောင်းလောက်အောင် ဗဟုသုတကြွယ်ကြတယ်။ ကျွန်တော်လည်း ငယ်ငယ်ကတော့ ပလက်ဖောင်းစာအုပ်အရောင်းသမားတွေကို အထင်သေးဖူးတာပေါ့ဗျာ။ နောက်တော့ တစ်နေ့ထက်တစ်နေ့ ပိုပြီး အထင်ကြီးလာတယ်။ လေးစားလာတယ်။ အဟုတ်ဗျ။

  4. ဗန်တို၆၃မောင်းမှာကွဲလွဲတာတွေရှိလား

  5. ကျွမ်းဘားအကြောင်းအသေးစိတ်လေ့လာချင်လို့ပါ

    • ကျွမ်းဘားအကြောင်းစာအုပ်တော့ လက်ထဲမှာမရှိသေးပါဗျာ။ ခေတ်မှီအားကစားပဒေသာ ဆိုတဲ့စာအုပ်တော့ရှိပါတယ်။ ခေတ်မှီအားကစားပဒေသာဆိုပေမယ့် ၁၉၆၉ ခုနှစ်က ထုတ်တာမို့ ခေတ်တော့မမှီတော့ပါဘူး။ သူက ကျွမ်းဘားအကြောင်းအဓိကရေးထားတဲ့ စာအုပ်တော့မဟုတ်ပါ။ အားကစားနည်းတွေကို စုရေးထားတဲ့စာအုပ်ဖြစ်ပါတယ်။ အဲ့ထဲမှာ ကျွမ်းဘားကစားနည်းတော့ အကျဉ်းချုပ်ပါပါတယ်။ အစ်ကို လိုအပ်မယ်ဆိုရင်တော့ comment ပြန်ပေးပါဦးနော်။ အသုံးတည့်မယ့်သူရှိရင်တော့ တင်ပေးပါ့မယ်။

  6. ပြိုင်ပွဲဝင်အောင်ပွဲရကရာတေးတိုက်ကွက်များ စာအုပ်အဆင်ပြေရင်တင်ပေးပါလား

  7. ကိုယ်ခံပညာတိုင်းကိုလေ့လာချင်လို့ အသစ်ရတိုင်းအမြဲတင်ပေးပါဗျာ

  8. Pingback: Page Layout ပြင်ထားသော စာအုပ်များနှင့် ဆောင်းပါးများ | Thaing Wizard

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s