About Thaing Wizard

Thaing Wizard သည် မြန်မာပြည် သိုင်းလောက တိုးတက်ရေးအတွက် တစ်ထောင့်တစ်နေရာမှ အားဖြည့်ပေးမည်ဖြစ်သည်။ အဓိကအားဖြင့် သိုင်းပညာရပ် (Martial Arts) ဆိုင်ရာ ရှားပါးစာအုပ်များကို e-book အနေဖြင့် ပြန်လည်မျှဝေပေးမည်။ ထို့ပြင် သိုင်းနှင့် တိုက်ရိုက် မသက်ဆိုင်သော်လည်း သွယ်ဝိုက်သော နည်းများဖြင့် ပတ်သတ်နေသည့် အကြောင်းအရာများဖြစ်သည့် ကာယဗလ (Bodybuilding)  နှင့် ယောဂ (Yoga)  ကဲ့သို့သော အကြောင်းအရာများကိုပါ မျှဝေပေးမည်ဖြစ်သည်။

မှတ်ချက်။ ။လက်ရှိဈေးကွက်တွင် ဝယ်ယူရရှိနိုင်သော စာအုပ်များကို Thaing Wizard မှ scan ဖတ်ခြင်း၊ ebook ပြုလုပ်ခြင်း လုံး၀ ပြုလုပ်မည်မဟုတ်ပါ။ မူရင်းစာအုပ်ထုတ်ဝေသူ၊ ပြုစုသူများကို တစ်စုံတစ်ရာ ထိခိုက်စေနိုင်မည်ဟု ယူဆသောကြောင့် ဖြစ်ပါသည်။

ကိုယ်တိုင် Professional Martial Artist တစ်ယောက်ဖြစ်သဖြင့် Thaing Wizard website ကို တည်ထောင်ခြင်း မဟုတ်ပါ။ ဝါသနာသမား သက်သက်သာ ဖြစ်ပါသည်။ ထို့အတွက်ကြောင့်လည်း ကိုယ်တိုင်းရေး ဆောင်းပါးများကို တွေ့ရသည်ထက် အခြားပညာရှင်များ ရေးသားထား သည့် ကောင်းနိုးရာရာ ဆောင်းပါးများကိုသာ ရှာဖွေဖော်ပြပေး သွားသည်ကို တွေ့ရမည်။ Thaing Wizard  တွင် ဆောင်းပါးများပါမည် ဖြစ်သော်လည်း အဓိကတွေ့ရမည်မှာ e-book များသာ ဖြစ်သည်။

Thaing Wizard တွင် မျှဝေသွားမည် ဖြစ်သော မြန်မာလိုရေးသားထားသည့် သိုင်းပညာစာစဉ်အများစုမှာ Thaing Wizard မှ ကိုယ်ဆိုင် scan ဖတ်ခြင်းထားပြီး pdf ပြုလုပ်ထားခြင်း သို့မဟုတ် ကိုယ်တိုင် ပြန်လည်စာစီထားပြီး pdf ပြုလုပ်ထားသည် များသာ ဖြစ်သည်။ ၎င်းစာအုပ်တိုင်းတွင် Thaing Wizard ၏ အမှတ်တံဆိပ် ပါရှိမည်ဖြစ်သည်။ အခြားနေရာများမှ ကူးယူရရှိသော စာအုပ်များတွင်မူ Thaing Wizard အမှတ်တံဆိပ် လုံဝထည့်သွင်းထားမည် မဟုတ်ပါ။ ထိုစာအုပ်များတွင် မူရင်းမျှဝေသော website သို့မဟုတ် ဖန်တီးသူ၏ အမှတ်တံဆိပ် မပါဝင်ပါက ရရှိသော မူရင်း website လိပ်စာ ကိုပါ ပြန်လည်ဖော်ပြပေးသွားမည်ဖြစ်သည်။

Thaing Wizard မှ ကိုယ်တိုင် scan ဖတ်ပြီး တင်ပေးထားသော စာအုပ်တိုင်းကို quality ကောင်းကောင်းနှင့် print ထုတ်၍ ဖတ်ရှုနိုင်လောက်အောင် ပြုလုပ်ပေးထားသည်။ A4 size နှင့် print ထုတ်၍ ဖတ်ရှုနိုင်လျှင် အသင့်တော်ဆုံး ဖြစ်သည်။ အခြား website များမှ ကူးယူ တင်ပေးထားသော စာအုပ်များမှာမူ မူရင်း quality ကောင်းမှ ကောင်းကောင်း ဖတ်နိုင်မည်ဖြစ်သည်။ အခြားမှ ရှာဖွေကာ တင်ထားပေးသော စာအုပ်များအတွက် Thaing Wizard မှ quality ကိစ္စကို လုံး၀ တာဝန်မယူပါ။

Thaing Wizard တွင် သိုင်းနှင့်ပတ်သတ် သည့်ဆောင်းပါးများ ရေးသားပေးရန် လည်း ဆောင်းပါးရှင်များအား ဖိတ်ခေါ်ပါသည်။ စိတ်ဝင်စားတယ်ဆိုရင်တော့ thaingwizard@gmail.com ကိုသာ ဆက်သွယ်လိုက်ပါ။ လက်ရှိမှာတော့ ကျွန်တော်ကိုယ်တိုင် ကလည်း ပညာရှင်မဟုတ်တာကြောင့်ရယ် website ကို တစ်ယောက်တည်း ကိုင်နေရတာရယ်ကြောင့် ဆောင်းပါးကိစ္စကို မတတ်နိုင်သေးပါ။ သို့သော် မြန်မာနိုင်ငံတွင် လိုအပ်နေသာ ကဏ္ဍတစ်ခုဖြစ်သည် သိုင်းမီဒီယာကဏ္ဍကလေး တစ်ခုတော့ ဖြစ်နိုင်လျှင် လုပ်ချင်ပါသည်။ အကယ်၍ ဆောင်းပါးရေးသားပေးသည့် ပညာရှင်များရှိလာပါက တစ်လတစ်ခါ သို့မဟုတ် နှစ်လတစ်ခါ သိုင်းမဂ္ဂဇင်း အဖြစ် ထုတ်ဝေမည်ဖြစ်သည်။ ထိုမဂ္ဂဇင်းကို online တွင် အခမဲ့ ပြန်လည် ဖြန်ဝေပေးသွားမည်။

Thaing Wizard နှင့် ဆက်သွယ်လိုပါက thaingwizard@gmail.com ကို e-mail ပေးပို့ နိုင်ပါတယ်။ ဝေဖန်အကြံပေးမှုများကို ကြိုဆိုလျက်ပါ။ သိုင်းပညာနဲ့ ပတ်သတ်ပြီး တစ်စုံတစ်ရာ မျှဝေချင်တယ်… ဆွေးနွေးချင်တယ်ဆိုရင်တော့ http://www.facebook.com/groups/thaingwizard ကို လာခဲ့ကြပါ။ Thaing Wizard ရဲ့ updateဖြစ်တဲ့ အကြောင်းတွေကို သိချင်ရင်တော့ http://www.facebook.com/ThaingWizard ကို like လုပ်ထားကြပါနော်။ Website ပင်မစာမျက်နှာ (Home page) ရဲ့ ဘေးဘက်နားက Follow ဆိုတဲ့ နေရာမှာ e-mail ဖြည့်ထားခဲ့ရင်လည်း update ဖြစ်တိုင်း စာအုပ်အသစ်တင်တိုင်း mail လက်ခံရရှိမှာဖြစ်ပါတယ်။

18 thoughts on “About Thaing Wizard

  1. သူငယ်ချင်း ငါလာလည်သွားပါတယ်..။ ကြိုက်ပါတယ်။ ဂုဏ်လည်းယူပါတယ်။ ကြိုးစားပါ။

  2. သူငယ်ချင်းရေကျေးဇူးတင်ပါတယ် နာ့ အတွက်အများကြီးကောင်းတယ်ကျေးကျေးပါ

  3. အကိုကျွန်တော့်ကိုနံချပ်ကူနဲ့ပက်သက်တဲ့စာအုက်တွေရှိရင်တင်ပေးပါ waiting for your reply

    • လတ်တလောတော့ ကျွန်တော့်ဆီမှာ နံချပ်ကူ စာအုပ်မရှိသေးပါဗျာ… ဒါပေမယ့် အကို စိတ်ဝင်စားတယ်ဆိုရင်တော့ http://www.youtube.com မှာ ရှာကြည့်ပါလားဗျ။ http://www.youtube.com/results?search_query=Nunchaku+Tutorial တစ်ကယ်လို့ နံချပ်ကူအကြောင်းစာအုပ် ရလာခဲ့ရင်လည်း အမြန်ဆုံး တင်ပေးပါ့မယ်ဗျာ။ အခုတော့ မရှိသေးလို့ပါ။ Thaing Wizard ကို အလည်လာတဲ့အတွက် ကျေးဇူးပါဗျာ။

      • ကျွန်တော်အင်တာနက်မှာရှာကြည့်ပြီးပါပြီ။
        မြန်ဆန်လွန်းတော့ကောင်းတဲ့အကွက်တွေကို
        မမိဘူးဖြစ်နေတယ်ကျွန်တော်ကအကွက်မရှိဘဲbruce lee ရဲ့ရုပ်ရှင်တွေဘဲကြည့်ပြီးကျင့်
        နေရပါတယ် ရှာပေးရင်တော့ကျေးဇူးကမ္ဘာပါ
        ကိုအောင်သူထက်။

    • အစ်ကိုက မန္တလေးမှာနေတာ ဆိုရင်တော့ ကိုလင်းဇာနည် ဆီမှာ နံချပ်ကူနဲ့ သိုင်းပြောင်းပြန်တုတ်သိုင်း၊ ဓားသိုင်းတွေ သင်လို့ရပါတယ်။ ၃၂-လမ်း နဲ့ ၇၆၊ ၇၇-လမ်း မှာ နေပါတယ်။ ညနေ ၆ နာရီတိုင်း ဘထူးကွင်းမှာ သင်ပေးတယ်လို့ ပြောပါတယ်။ နံချပ်ကူနဲ့ဆိုင်တဲ့ ဗီဒီယိုတွေရော၊ အခြားသိုင်းမှတ်တမ်းတွေပါ သူ့ဆီမှာ အခမဲ့ ကူးလို့ရပါတယ်။ ဖုန်းနံပါတ် ၀၉ ၄၃၁၄၂၉၈၂ ကိုသာ ဆက်သွယ်လိုက်ပါ။ email ကတော့ linzarni1991@gmail.com ပါ။ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်ဗျာ။

  4. ရန်ကုန်မှာ သင်တန်းရှိရင်လည်း ညွှန်ပြပေးပါ ကိုအောင်သူထက်ရေ…ကျွန်တော်က သိုင်းပြောင်းပြန်ကို အရမ်းကြိုက်ပါတယ်…အရမ်းလည်း စိတ်ဝင်စားလို့  သင်တန်းကောင်းကောင်းလေးကို ညွှန်ပေးပါနော်….

    • ဒီမှာ (https://thaingwizard.wordpress.com/martial-arts-institute/) ညွှန်းထားပါတယ်။ ဆရာဦးအောင်သိန်း (သန်လျင်) နဲ့ ဆရာဦးသိန်းအေး တို့ဆီမှာ သင်လို့ရပါတယ်။

      အမှန်က သိုင်းပြောင်းပြန်ဆိုတာ “ခူးခါချန့်” ပါ။ ကမ္ဘောဇ (ရှမ်း) နန်းတွင်းသိုင်း ဖြစ်ပါတယ်။”ခူးခါချန့်” ဆိုတာ ပညာနှစ်မျိုး ဖြစ်ပါတယ်။ “ခူး” က ရှမ်းသိုင်း-ရှမ်းကြီးသိုင်း၊ အရပ်သားသိုင်းပါ။ “ချန့်” က သိုင်းပြောင်းပြန်၊ နန်းတွင်းသိုင်းပါ။ ရှမ်းသိုင်းကနေ ဆင့်ပွားတီထွင်ထားတာပါ။ အဲ့ဒီပညာနှစ်ခု ရောစပ်လိုက်ရင် တတိယပညာတစ်မျိုး ဖြစ်လာပါတယ်။ သိုင်းကွက် ပိုဆန်းလာပြီး အမာခံဖြစ်လာတယ်။ အဲ့ဒါကို “ခူးခါချန့်” လိုခေါ်တာပါ။

      သိုင်းမှာ အကသိုင်း၊ အပြသိုင်းနဲ့ အချသိုင်း ဆိုပြီး သုံးမျိုးရှိပါတယ်။ ရှမ်းသိုင်းဟာ အကသိုင်း၊ အပြသိုင်းထဲမှာ ပါဝင်တယ်လို့ ပြောနိုင်ပါတယ်။ ပြောင်းပြန်ကတော့ အချသိုင်း စစ်စစ်ပါ။ ကြမ်းတယ်၊ ရမ်းတယ်၊ လုပ်ရင်လည်း အပြတ်လုပ်တယ်။ အဲ… ကြည့်လို့တော့ မလှဘူး။

      ဒါကြောင့်လည်း
      “သေနတ်မှာ မောင်းပြန်၊
      သိုင်းမှာ ပြောင်းပြန်၊
      ပြောင်းပြန်ကို တောင်းပန်ရင် တောင်းပန်၊
      မတောင်းပန်ရင် နှာခေါင်းလန်မဟေ့”
      လို့တောင် စာချိုးရပါတယ်။

      ပြောင်းပြန်မှာ ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်နဲ့ ဆရာဖြစ်အဆင့် ဆိုပြီး လေးဆင့်ရှိပါတယ်။ သင်တန်းတက်ဖို့ကတော့ အပေါ်ကပြောခဲတဲ့ ဆရာတွေဆီမှာ သင်နိုင်ပါတယ်။

  5. သိုင်းသင် တန်းတွေရှိလားရှိရင် ပြောပါဦး ဗန်တို လက်ဝှေ့ ကရာတေး ပြောင်းပြန် တို့ပေါ့အကိုရာ ကျေးဇူး

  6. အားကစားရုံတွေရဲ့တည်နေရာနဲ့သင် တန်းတွေစုံစမ်းပေးပါလားမေးသံတွေခဏခဏကြားနေရတယ် လူငယ်တွေဆီကကျွန်တော်လုပ်ပေးချင်ပေမဲ့အစွမ်းမရှိဘူးဗျ အကို့ကိုအားကိုးတယ်ဗျာတကယ်လေးလည်းလေးစားတယ်
    အောင်မြင် ပါစေဗျာ

    • စာအုပ်တွေတော့ ခုတစ်လောမှာ တင်ပေးဖြစ်ဦးမှာ မဟုတ်သေးဘူးဗျ။
      ဒီ ဟာလေးကို ကြည့်ပြီး ကစားပါလား။

      Tai Chi for Beginners Starring Chris Pei (2011)

      လေးနာရီစာ ထိုက်ကျိကစားနည်း သရုပ်ပြဗီဒီယိုလေးပါ။

  7. အကို​ရေအ​နောက်ဂျွမ်းထိုးနည်းတို့အ​​ရှေ့ဂျွမ်းထိုးနည်းရှိရင်​တင်​​ပေးပါလားအကို

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s